- Back to Home »
- တို့မြို့လေးမှ ကြိုဆိုပါတယ်
ကုန်းဘောင်မင်းဆက် အစပြူခဲ့တဲ့
ပြည်မြန်မာ အလယ်ပိုင်းက
တို့မြို့လေး..........
ရွေရောင်မှည့်ဝင်း စပါးခင်းများနှင့်
ဖုန်ထူထူလှည်းလမ်းကလေး များ
ပေါများလှတဲ့ အညာမြေက
တို့မြို့လေး..........
ထုံအီမွေးပျံ့ သနပ်ခါးရနံ့များနှင့်
တမာရနံ့ ကြိုင်ထုံသင်းတဲ့
ငါးမည်ရတဲ့ တို့မြို့လေး......
ကောက်စိုက်တေးသံ ဗုံကြီးသံနှင့်
""နေညိုရင် ရွေဘိုကိုလွမ်းတယ် ""လို့
နာမည်ကျော်ကြားတေးသီချင်းများရဲ
တို့မြို့လေး......
ရူ့မျော်မဆုံး ထန်းတောများနှင့်
စပါး ပဲ နှမ်း အစုံပေါတဲ့
တမာမြေက
တို့မြို့လေး........
စေတီ ပုထိုး ကျောင်းကန် အောင်မြေများနှင့်
မြို့၏ထောင့် က အောင်ဇေယျ (အလောင်းမင်းတရားကြီး)ကောင်းမူ့
တည်ထားကိုးကွယ် သပ္ပာယ်လှသဖြင့်
ဖူးမျော်လည့်ပါလို့ ဖိတ်ခေါ်ပါ၏
အောင်ဇေယျ ခေါ်တွင် အလောင်းမင်းတရားကြီး၏
ဇာတိချက်မြှပ် ဤမြို့လေးကို
လာလည်ပါလို့ဖိတ်ခေါ်ပါ၏
ထိုမြို့လေး၏အမည်ကို ဤသို့ခေါ်သည်
ရန်ကြီးအောင် | ကုန်းဘောင်| မုဆိုးဘို
ရွေဘို | ရတနာင်္သိခ ငါးခုအမည်
မှည့်ခေါ်တွင်သည့်
ငါးမည်ရသည့်ပြည်ရွေဘိုဖြစ်၏****