Posted by : Unknown Tuesday, September 15, 2015

အရှေ့ဘက်တောင်တန်း | ရိုးမအထက်
ဇာတိဌာနေ | မောရှမ်းမြေမှ
သွေးချင်းတို့ရေ..........
ပန်းလှချယ်ရီ | ပင်တိုင်းဝေတဲ့ 
မင်းတို့မောမြေ | ဤရှမ်းပြည်ကို
အလည်တစ်ခေါက် | ငါရောက်ခဲ့၏
မင်းလွငိမြူခို့ | ပြာ ရီမိုင်းမို့
အေးစက်လှတဲ့ | ဤရာသီကို
နှစ်သက်မြတ်နိုး | ငါသဘောကျ၏
အိုးစည်ဗုံမောင်း | ဓားသိုင်းရိုးရာ
ချစ်စရာအက | သည်အလှများကို
နှစ်သက်မြတ်နိုး | ငါသဘောကျ၏
မောမြေအနှံ | ဤဒေသမှ
ပုထိုးစေတီ | တန်ခိုးကြီးဘုရားများကို
ရှိခိုးပူဇော် | ငါဦးခိုက်၏
ယာခင်းစိုက်ကွင်း | လက်ဖက်ခင်းများနှင့်
စိမ်းစိုစိမ်းလဲ့ | ရူခင်းအလှကို
နှစ်သက်ကြည်နူး | ငါမြတ်နိုး၏
ရေတံခွန်စိမ့်စမ်း | ပေါများလှတဲ့
ချယ်ရီထင်းရူး | ဤရှမ်းမြေကို
နောက်ထပ်အလည်တစ်ခေါက်
ငါရောက်ချင်ခဲ့၏************# #

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © K Art Gallery - CM-SQUARE(MYANMAR) - Powered by Blogger - Designed by CM-SQUARE(MYANMAR) -