Posted by : Unknown Tuesday, September 15, 2015

ဆယ်စုနှစ်တွေ
တစ်စုပြီးတစ်စု ပြောင်းသွားပေမဲ့
မြန်မာပြည်မြောက်ဖျားပိုင်းမှာ
ယမ်းငွေ့တွေ ကလူးကျီစယ်နေဆဲ့ပေါ့
စစ်ပွဲကြားမှာ
ပြေးရင်းလွားရင်း အသက်မဲ့သွားတဲ့
ငါတို့သွေးချင်းတွေရဲ့
ဝိညာဉ်မဲ့ခန္ဓာတွေ
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့
ငါတို့သွေးချင်းညီနောင်တွေရဲ့ ဒုက္ခတွေ
ခန္ဓာကိုယ်ချို့တဲ့
ကိုယ်အင်္ဂါစွန့်လွတ်လိုက်ရတဲ့
ငါတို့သွေးချင်းတွေရဲ့
နာကြည်းချက်တွေ
ပညာသင်ယူဖို့ မျော်လင့်ချက်မဲ့နေတဲ့
ငါတို့မျိုးဆက်တွေရဲ့ အနာဂတ်တွေ
အစားအသောက်ကင်းမဲ့ကာ ငတ်မွတ်ခြင်းကိုခါးသီးခံစားနေရတဲ့
ငါတို့ သွေးချင်းညီအစ်ကိုတွေရဲ့ သောကပင်လယ် တွေ
စစ်ပွဲကြားမှာ
အသက်ပေးဆက်သွားရတဲ့
အပြစ်မဲ့တဲ့ ငါတို့တွေရဲ့
အဖေ အမေ
ညီနှင့်အစ်ကို
မောင်နှင့်နှမ တွေအတွက်
ကျခဲ့ရတဲ့မျက်ရည်တွေ
ဒီဒုက္ခတွေ အားလုံး(အားလုံး)
ဘယ်တော့များမှ ရပ်တန့်မှာလဲ?
ဘယ်တော့များမှ အဆုံးသတ်မှာလဲ?
ရိုးရာအကတွေနဲ့ လှပနေတဲ့
ငါတို့တွေရဲ့ မနောမြေ
အစဉ်အေးချမ်းစေဖို့
ဆွေးနွေးပေးကြပါ
ငါတို့တွေရဲ့ ကချင်တောင်တန်း
ယမ်းငွေ့ကင်းဝေးစေဖို့
ညိနိုင်းပေးကြပါ
ငါတို့တွေရဲ့ မြစ်ဆုံ
သေနတ်သံကင်းဝေးစေဖို့
လုပ်ဆောင်ပေးကြပါ
ငါတို့တွေရဲ့ ဒီဒုက္ခတွေ
ကင်းဝေးစေဖို့
ဆယ်စုနှစ်များစွာက
အမုန်းတရားတွေ
အာဃာတ အငြိုးထားမူ့တွေ
ရပ်တန့်ပေးကြပါ
အဆုံးသတ်ပေးကြပါ
ဤ အနိဠာရုံ စစ်ပွဲများ
အစဉ်ထာဝရငြိမ်းချမ်းသွားအောင်
ရပ်တန့်ပေးကြပါ
မြန်မာ့ကျောက်စိမ်းနယ်မြေ အစဉ်ထာဝရလှပစေဖို့နှင့်
ကမ္ဘာမြေလည်းငြိမ်းချမ်းလှပစေဖို့အတွက်ပေါ့******# #

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © K Art Gallery - CM-SQUARE(MYANMAR) - Powered by Blogger - Designed by CM-SQUARE(MYANMAR) -